Home
မြန်မာသတင်း
လှိုင်သာယာကျူးများအား စစ်ကောင်စီက အင်အားသုံး ဖြိုဖျက်
DVB
·
October 28, 2021

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်း ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး ကျူးကျော်တွေကို အောက်တိုဘာ ၂၈ ရက် မနက်မှာ စစ်ကောင်စီက အင်အားသုံးဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျူးကျော်တွေ တစ်လအတွင်းဖယ်ပေးဖို့ အောက်တိုဘာ ၁၆ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

ကျူးကျော်နေထိုင်သူတစ်ဦးက “မဖြစ်မနေဖယ်ပေးရမှာဆိုလည်း ဖယ်ပေးမှာပါ၊ ခုဟာက ဆောင်းဦးပေါက်ဆိုတော့ ရာသီက အေးလာ၊ နေစရာအိမ်က မရှိ၊ သက်ကြီးရွယ်အိုနဲ့ လူမမယ်ကလေးတွေ၊ သားသည်အမေတွေအတွက် အတော့်ကို နေထိုင်ရေး အခက်အခဲဖြစ်နေရတယ်” လို့ ပြောပါတယ်။ဒေသခံ မြင်တွေ့သူတစ်ဦးက “မနေ့ညကတည်းက ဘုရင့်နောင်တံတားကို ပိတ်လိုက်တယ်။ အင်အားသုံးပြီး ကျူးကျော် ဖယ်ရှားမယ်လို့ ကြားပေမယ့် မထင်ထားဘူး။ ဒီနေ့မနက်မှာတော့ စည်ပင်ရေ အမြှောက်ကား၊ စစ်ကား၊ ရဲကား၊ အချုပ်ကား၊ ဘူဒိုဇာတွေပါ ပါလာပြီး လွယ်လွယ်ဖယ်မပေးရင် အဓမ္မ ဖြိုဖျက်မယ့်သဘောရှိတယ်။ လမ်းမကြီးတွေနဲ့ လမ်းကြိုလမ်းကြားတွေပါမကျန် ကျူးတွေ ဖယ်ရှားပေးဖို့ လှည့်လည်ကြေညာတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024