Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီရဲယာဉ်တန်းနှင့် စက်ရုံတစ်ရုံ တိုက်ခိုက်ခံရ၊ ရဲကား ၂ စီး ပျက်စီး
DVB
·
October 27, 2021

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် မုံရွာ - ပုသိမ်လမ်း ကြီးကိုင်းရွာလမ်းခွဲတောင်ဘက်မှာ မုံရွာဘက်ကို လာတဲ့ စစ်ကောင်စီရဲယာဉ်တန်း အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲယာဉ်တန်း ၃ စီးကို Triple Two အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ မိုင်း ၁၈ လုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲကား ၂ စီး ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

“သူတို့က မုံရွာကိုသွားတာ ဒီဘက်ဆားလင်းကြီးနယ်ကနေ။ ကျနော်တို့ကလမ်းမှာ စောင့်နေတာ သူတို့လဲလာရော မိုင်း ၁၈ လုံး ခွဲပြီးတိုက်တာ။ ၃ စီးမှာ ပထမတစ်စီးကတော့လွှတ်သွားတယ်၊ ၂ စီးကတော့ စုတ်ပြတ်သတ်ပြီး အဲ့နေရာကနေ မထွက်ခွာနိုင်ဘူး။ နောက်ပြီး ဒုတိယရဲကားထဲမှာ ဘုန်ကြီးပါတယ်လို့လည်း သိရတယ်။ ဒါပေမယ့် အတည်မပြုနိုင်သေးဘူး” လို့ Triple Two အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လွတ်သွားတဲ့ ရဲကားပေါ်မှ ရဲတပ်သားတွေက ကားပေါ်ကနေ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများရဲ့ ထိခိုက်မှုကို လတ်တလော မသိရှိရသေးပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိခိုက်ဒဏ်ရာရတာ မရရှိဘူးလို့ သိရှိရပါတယ်။ေ

အလားတူ မုံရွာမြို့၊ သလ္လာရပ်ကွက်မှာရှိတဲ့ ထွန်စက်စက်ရုံကို အောက်တိုဘာ ၂၆ ရက် ည ၉ နာရီအချိန်ခန့်က ဗုံးပစ်တိုက်ခိုက် ခံခဲ့ရတယ်။

ဗုံးပစ်ခံရတဲ့စက်ရုံဟာ ပြည်သူ့ဘက်က မရပ်တည်တဲ့အပြင် စစ်ကောင်စီကို သတင်းပေးနေတဲ့အတွက် PDF-South Monywa က လက်ပစ်ဗုံးပစ်ထည့် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီလိုဗုံးပစ်တိုက်ခိုက်ခဲ့တဲ့အတွက် ထွန်စက်စက်ရုံအတွင်းမှာ ပစ္စည်းထိခိုက်မှုရှိပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဗုံးပစ်တိုက်ခိုက်ခံရပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024