စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင်းမှာ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက ဗုံး ၅ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၄ နာရီကျော်လောက် နေရာ ၅ ခုမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ပေါက်ကွဲခဲ့တဲ့နေရာတွေကတော့ ရဲစခန်းအနီး အမေရေယာဥ်လမ်းခွဲ၊ မြို့နယ်ဆရာဝန်ကြီး နေအိမ်အနီး လက်ပံပင်အောက်၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့၊ မီးသတ်စခန်းအနီး နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီရုံး မြောက်ဘက်တို့မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် မုန့်ပေါင်းစျေးသည် ၁ ဦး အနည်းငယ်ထိခိုက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးသလို ထုတ်ပြန်ကြေညာထားတာလည်း မရှိသေးပါဘူး။