Live
Home
မြန်မာသတင်း
အန်စီအေ ၆ နှစ်ပြည့်ပွဲတက်ရောက်ခဲ့မှု ABSDF ဗဟိုသဘောထားမဟုတ်ဟု ထုတ်ပြန်
DVB
·
October 25, 2021

တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)  လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်တာဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီရဲ့ သဘောထား မဟုတ်ဘူးလို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအခမ်းအနားမှာ တက်ရောက်ပြောကြားချက်တွေဟာ တက်ရောက်သူရဲ့ ပုဂ္ဂိုလ်ရေး ပြောကြားချက်သာ ဖြစ်ပြီး ခုလိုတက်ရောက်ခဲ့ရတာဟာ အခြေအနေအပေါ်မူတည်ပြီး ပါဝင်ဆောင်ရွက်ခဲ့သူတွေရဲ့ တာဝန်ယူ တာဝန်ခံမှုနဲ့ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့  ABSDF ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က အန်စီအေ ၆ နှစ်မြောက် အခမ်းအနားကို အာဏာသိမ်း စစ်ကောင်စီက ဦးစီးကာ နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး  အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ထဲက RCSS/SSA၊ ABSDF အပါအဝင် ၈ ဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီး ပြည်သူလူထုကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတဲ့အတွက် အခုအချိန်မှာ နိုင်ငံအနှံ့ပြည်သူတွေက စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

   ဒီလိုအချိန်အခါမှာ ABSDF အဖွဲ့ဝင်တချို့က စစ်အုပ်စုစီစဉ်တဲ့ ပွဲသွားတက်ခဲ့တဲ့အတွက်  အများပြည်သူတွေရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024