စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမအနီးနဲ့ သူနာပြုသင်တန်းကျောင်းတို့မှာ အောက်တိုဘာ ၂၄ ရက် မနက် ၈ နာရီလောက်က တပြိုင်နက်ဗုံးပေါက်ကွဲမှုဖြ စ်ပွားခဲ့ပါတယ်။
မျက်မြင်တစ်ဦးက "မနက်က ၂ နေရာ ဗုံးပေါက်ကွဲတယ်။ ပထမနေရာက မြို့တော်ခန်းမအနီး အဲဒီမှာထိခိုက်မရှိဘူး။ နောက် မုံရွာအထက (၂) ကျောင်းလမ်း (ဆေးရုံ) လမ်းနှင့်လူငယ်စင်တာနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ သူနာပြုကျောင်း ဗုံးပေါက်ကွဲတယ်။ အဲဒီပေါက်ကွဲမှုကြောင့် လမ်းပေါ်သွားနေတဲ့ ၁၀ နှစ်အရွယ် ကလေးနဲ့ ၁၂ နှစ်အရွယ် ကလေး ၂ ယောက်သေဆုံးသွားတယ်” လို့ ပြောပါတယ်။
သူနာပြုသင်တန်းကျောင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအုပ်ကြီး နေအိမ် ၅ ထပ်ဆောင်နဲ့ အုပ်ချုပ်ရေးဆောင်တို့ မှန်ပြတင်းပေါက်တွေ ကွဲကြေပျက်စီးပြီး ကျောင်းနံရံတွေ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
အခုလို ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ လက်ရှိအခြေအနေထိ မသိရသေးပါဘူး။
စစ်ကိုင်းတိုင်း တမူးမြို့ မြို့မဈေးမှာလည်း အောက်တိုဘာ ၂၃ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးဆိုင်ခန်း ၇ ခန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မြိုမစျေး ဈေတန်း (၃) ရှိ ဖုန်းဆိုင်ကနေစတင် မီးလောင်မှုဖြစ်ခဲ့ကာ ဘေးအခန်းတွေပါ ကူးဆက် လောင်ကျွမ်းတာလို့ ဆိုင်ခန်းရှင်တဦးက ပြောပါတယ်။
မီးစတင်လောင်မှုကို မီးသတ်နဲ့ ပြည်သူတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၉ နာရီမှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ပမာဏာကိုတော့ မသိရသေးပါဘူး။