ဆီရီးယားတွင် စစ်သုံးဘတ်စ်ကား ၁ စီး ဗုံးခွဲခံရပြီး ၁၄ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့မှာ  စစ်သုံးဘတ်စ်ကား တစီးကို ပစ်မှတ်ထားပြီး အောက်တိုဘာ ၂၀ ရက်က ဗုံးခွဲခဲ့လို့ လူ ၁၄ ယောက်ထက် မနည်း သေဆုံးတယ်လို့ အစိုးရမီဒီယာက ကြေညာ ပါတယ်။

ဒီဗုံးခွဲမှုကို ဘယ်သူလုပ်တယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ စစ်တပ်အရာရှိတွေကို တင်လာတဲ့ ဘတ်စ်ကားဟာ မနက်ခင်း စည်ကားချိန်မှာ မြို့တော် ဒမတ်စကတ်အလယ်က ဟာဖှစ်အယ်လ် အာဆတ် တံတားကို ဖြတ်မောင်းချိန်မှာ ပေါက်ကွဲခဲ့တာလို့ အစိုးရ ရုပ်သံက ဖော်ပြပါတယ်။

ဖောက်ခွဲရေး ပစ္စည်း ၂ ခု ပေါက်ကွဲခဲ့တာဖြစ်ပြီး တတိယဖောက်ခွဲရေး ပစ္စည်းကိုတော့ စစ်အင်ဂျင်နီယာ တပ်ဖွဲ့က ဖြုတ်သိမ်းနိုင်ခဲ့ပြီး အကြမ်းဖက် ဖောက်ခွဲမှုပဲလို့ အရာရှိတွေက ပြောပါတယ်။

သမ္မတ အာဆတ်ကိုသစ္စာခံတဲ့ တပ်တွေက မြို့ပတ်လည်က သူပုန်တွေကို နှိမ်နင်းခဲ့ပြီး ဖြစ်လို့ ဒမတ်စကတ်မြို့တော်မှာ ဗုံးနဲ့ တိုက်ခိုက်မှုဟာ ရှားပါတယ်။

ရုရှားစစ်တပ်နဲ့ အီရန်က ရှီးယိုက်ပြည်သူ့စစ်တွေရဲ့ အကူအညီကြောင့် သမ္မတ အာဆတ်ဟာ တနိုင်ငံလုံး နီးပါးကို ပြန်ထိန်းချုပ် နိုင်နေပြီလို့ ရိုက်တာက ဖော်ပြပါတယ်။

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဟာ အာဆတ်ကို တိုက်နေတဲ့ သူပုန်တွေရဲ့ အဓိက နောက်ဆုံး ခြေကုပ်စခန်းပါ။

ဒမတ်စကတ်က ဗုံးကွဲမှုအပြီးမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အာရီဟာမြို့က လူနေရပ်ကွက်တွေ ကို အမြောက်နဲ့ ပစ်ခတ်တာ ခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up