Home
မြန်မာသတင်း
တော်လှန်ရေးအတွက် အဆိုတော်ကျားပေါက် ဂစ်တာ ကန်ဒေါ်လာ ၂၇,၅၀၀ ဖြင့် အမြင့်ဆုံး လေလံအောင်
DVB
·
October 18, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာတလက်ကို လေလံ တင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံးလေလံအောင်သွားခဲ့ပါတယ်။

 ဒီလေလံပွဲကိုတော့ အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက် ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ ၁,၀၀၀ နဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ကာ နာရီပိုင်းအ တွင်း အပြိုင်ဈေးပေး ဝယ်ယူမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအမြင့်ဆုံး Ukulele အဖြစ် ဂီတပညာရှင် John D'Angelico ရဲ့ ၁၉၃၀ ပြည့် နှစ်ဝန်းကျင်က လက်ရာကို အမေရိကန်ဒေါ်လာ ၂၆,၀၀၀ နဲ့ စံချိန်တင်ထားခဲ့တာမို့ ခု လက်ရှိ ကျားပေါက်ရဲ့ ဖန်တီးမှုလက်ရာနဲ့ Ukulele ကတော့ ကမ္ဘာ့ဈေးအမြင့်ဆုံး ဖြစ်လာခဲ့တာပါ။

အဆိုတော် ကျားပေါက်လက်ရာ Doodle Art ရေးဆွဲထားတဲ့ Ukulele ဂစ်တာ လေလံပွဲ ရောင်းချငွေ အားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာဖြစ်ကာ လေလံအောင်သူကို လည်း NUG ကနေ အသိအမှတ်ပြု အလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024