Live
Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်တွင် ဒလန်ဟု ကျော်ကြားသူ ၃ ဦး အသတ်ခံရ
DVB
·
October 16, 2021

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဝဲကြီးကမ်းနီနဲ့ ကျောင်းလမ်းရွာက စစ်ကောင်စီ သတင်းပေး ဒလန်လို့ ကျော်ကြားသူ သုံးယောက်   အောက်တိုဘာ ၁၅ ရက် ညက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒလန်လို့ နာမည်ထွက်နေတာကြာပြီ။ အသတ်ခံရတာက ဝဲကြီးက ချစ်ကိုတို့ လင်မယားနဲ့ ကျောင်းလမ်းက ကျော်လှတို့ သတ်ခံရတာ။ ဒလန်လုပ်ခြင်း၊မလုပ်ချင်းတော့ ကာယကံရှင်တွေပဲ သိ လိမ့်မယ်” ကျောင်းလမ်းရွာခံတစ်ဦးက ပြောပါတယ်။

ထီးချိုင့်မြို့နယ် လေသာရွာမှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာ ကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး နယ်မြေခံရဲစခန်း ၂ ခုကိုလည်း ထီချိုင့်ပြည်သူ့ ကာကွယ်ရေးတပ်တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024