မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ၆ မိုင်ရပ်ကွက်က မေတ္တာရေကြည်ပရဟိတအဖွဲ့ ခေါင်းဆောင် ကိုသူရကျော်ဟာ အောက်တိုဘာ ၁၄ ရက် ည ၉ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပရဟိတအဖွဲ့ခေါင်းဆောင် ကိုသူရကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ပရဟိတကားမောင်းပြီး အပြန် ၆ မိုင်ရပ်ကွက်က သူနေအိမ်မှာ ဝင်ရောက်ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က ၆ မိုင် စစ်ဆေးရေးဂိတ် ဗုံးကွဲမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ကိုသူရကျော်ကို ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒေသခံတစ်ဦးကတော့ “ကိုသူရကျော်ဟာ သူနဲ့မတည့်တဲဒ့ ရပ်ကွက်နေ သတင်းပေးဒလန် တစ်ဦးရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရတာ”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကိုသူရကျော်ကို မော်လမြိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီး၊ လက်ရှိအချိန်ထိ မိသားစုဝင်တွေအနေနဲ့ အဆက်အသွယ် မရသေးပါဘူး။
မော်လမြိုင်မြို့အဝင် ၆ မိုင် စစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲမှုကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး၊ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မိတ်ဆက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်တာလို့ ထုတ်ပြန်ထားပါတယ်။