မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို အောက်တိုဘာ ၁၂ ရက်ညက မြိုင်နဲ့ပေါက် PDF နှစ်ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF က ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားမှာရှိတဲ့ ဇီပြားရဲစခန်းကို မနေ့က ည ၉နာရီလောက်က မြိုင် PDF နဲ့ ပေါက်မြောက်ပိုင်း PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲ ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ဇီးပြားရဲစခန်းက ရဲတွေဟာ ရဲစခန်းကို စွန့်ခွာပြီးတော့ အနီးနားတောင်ကုန်းကနေ ပြန်လည် ပစ်ခတ်ပေမဲ့ ညီနောင်PDF တပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာမရှိဘဲ ရဲစခန်းကို မီးရှို့ ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို ဖော်ပြထားပါတယ်။