မန္တလေးတွင် အမျိုးသမီး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
DVB
·
October 12, 2021
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားမှာ အောက်တိုဘာလ ၁၂ ရက် ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေဆုံးသူဟာ အသက် (၃၅) နှစ်အရွယ် မစုမွန်မွန်ဇင် ဖြစ်ပြီး ဘယ်ဘက်ပါးရိုးနားကနေ ကျည်ဖောက်ဝင်သွားတာဖြစ်ကာ ဆေးရုံကြီးအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အသတ်ခံရတဲ့ မစုမွန်မွန်ဇင်ဟာ ဆေးကုမ္ပဏီဝန်ထမ်းလို့သိရပြီး သူနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးသလို ဘယ်အဖွဲ့က ဘာကြောင့် ပစ်သတ်တယ်ဆိုတာလည်း မသိရသေးပါဘူး။