ပါကစ္စတန်နျူသိပ္ပံပညာရှင် ကိုဗစ်ဖြင့် ကွယ်လွန်

နျူကလီးယားလက်နက် ပြန့်ပွားရေး အဝန်းအဝိုင်းရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုခံရတဲ့ ပါကစ္စတန် နျူကလီးယားသိပ္ပံပညာရှင် အဘ်ဒယ် ကာဒီယာခန်းဟာ အသက် ၈၅ နှစ်အရွယ် အောက်တိုဘာ ၁၀ ရက်မှာ သေဆုံးခဲ့ပါတယ်။

ခန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရအပြီး ခန်းသုတေသန ဓာတ်ခွဲခန်းဆေးရုံကို သြဂုတ် ၂၆ ရက်က တက်ရောက်ကုသခဲ့ပြီးနောက် ရာဝယ်ပင်ဒီမြို့က စစ်ဆေးရုံဆီ ပြောင်းရွှေ့ခဲ့တယ်လို့ အစိုးရသတင်းက ဆိုပါတယ်။ 

သူဟာ ၂၀၀၄ ခုနှစ်က မြောက်ကိုရီးယား၊ အီရန်နဲ့ လစ်ဗျားတို့ကို နျူကလီးယား လျှို့ဝှက်ချက်တွေ ရောင်းချမှုမှာ ပါဝင်တဲ့ အရှုပ်တော်ပုံရဲ့ ဗဟိုချက်ဖြစ်ခဲ့ကာ နိုင်ငံပိုင်ရုပ်သံမှာ ဝန်ခံအပြီး သူ့ကို အဲဒီအချိန်က သမ္မတဖြစ်သူ ပါဗဲ့ဇ် မူရှာရဲ့ဖ်က ခွင့်လွှတ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ကို အစ္စလာမ်မာဘတ်မြို့က အိမ်မှာ နှစ်ချီပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။

ခန်းကတော့ အစိုးရအရာရှိတွေကို အသိမပေးဘဲ သူ့တကိုယ်တော် လုပ်ခဲ့တာလို့ ဝန်ခံထွက်ဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ သူဟာ ခုတုံးလုပ်ခံရတယ်လို့ ပြောခဲ့ပါတယ်။

ခန်းဟာ နိုင်ငံကို ကယ်တင်နိုင်မယ့် နျူကလီးယား အရံအတားတွေကို တီထွင်ထုတ်လုပ်ရာမှာ ကူညီခဲ့ပြီး ကျေးဇူးသိတတ်တဲ့ နိုင်ငံဟာ ဒီကိစ္စအတွက် သူ့ဝန်ဆောင်မှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ပါကစ္စတန် သမ္မတ အယ်ရစ်ဖ် အယ်ဗီက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up