မန္တလေးအမျိုးသမီးသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ထဘီအလံလွှင့်ထူ ဆန္ဒပြ
DVB
·
October 9, 2021
“တိုက်ရဲလား .တိုက်ရဲတယ်။ သေရဲလား .သေရဲတယ်။” ကြွေးကြော်သံနဲ့ အောက်တိုဘာ ၉ ရက်နေ့က မန္တလေးမြို့မှာ အမျိုးသမီးထု သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၊ အကြမ်းဖက်သတ်ဖြတ်မှု၊ လူမဆန်စွာရက်စက်ယုတ်မာမှု လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချကြောင်းလည်း မန္တလေးမြို့အမျိုးသမီးလူထုသပိတ်စစ်ကြောင်းမှ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Photo - MPA