စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အောက်တိုဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီ ရဲကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံး ဒဏ်ရာရသွား တယ်လို့ PDF တပ်ဖွဲ့နဲ့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က ဆားလင်းကြီး ကျားတက်လမ်းအတိုင်း မောင်းနှင်လာတဲ့ ရဲကား ၁ စီး ရေမိန်ကျေးရွာ လမ်းခွဲအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ ရဲကားဟာ ကျားတက်တိုက်နယ်ရဲစခန်းကို သွားတယ်လို့ ယူဆရပြီး ရဲတပ်သား ၅ ယောက်လောက် လိုက်ပါလာတာဖြစ်ပြီး မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံးကာ ၃ ဦးကတော့ ပြင်းထန်ဒဏ်ရာ သွားတယ်သိရပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ ဒေသခံ PDF အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အတည်ပြုကြေညာထားပါတယ်။