ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်နဲ့ (၅) မိုင် ကျေးရွာအကြား အောက်တိုဘာ ၄ရက် ည ၇နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မှ ဒီးမော့ဆိုမြို့နယ်ဘက်သို့ ဦးတည်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF တို့က တိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးတလျှောက် လမ်းကင်းချထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ မွန်းလွဲ ၁နာရီက ဒေါပိုးစီမှာ တစ်ကြိမ်၊ ညနေ ၃ နာရီခွဲမှာ ဒေါခလိုက်လင်းမှာ တစ်ကြိမ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄ ယောက်သေဆုံးသွားခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ကာ ဒေသခံ PDF တွေ ထိခိုက်မှုမရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေက ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်တို့မှာ အပြင်းအထန် ထိုးစစ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းတွေဟာ လူ၊လက်နက်၊ရိက္ခာ အပြည့်နဲ့ ဖရူဆို၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေဘက်ကို ဦးတည်ကာ အင်အားဖြည့်တင်းမယ့် အခြေအနေရှိနေပါတယ်။