ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက် ဒီကနေ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး ဖမ်းဆီးရမိတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့အတွက် နယ်စပ်ကနေ တရားမဝင် လလုပ်သမားတွေ သယ်ဆောင်လာမယ်လို့ ကြိုတင်သတင်းရထားတာကြောင့် ထိုင်းစစ်တပ် တပ်မဟာ ၃၅ နဲ့ တပ်မဟာ ၃၅၀၅ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မယ်လမတ်မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ တွေနဲ့အတူ ဘန့်တိန်ထတ် ၊ ဘန့်ဆမ်မိန် ၊ ဘန့်ဆဲန်စတဲ့ ကျေးရွာတဝိုက်မှာ လှည့်လ ည်စစ်ဆေးနေခဲ့တယ်လို့ ဆိုပါတယ်။
ကင်းလှည့်နေချိန်မှာ မယ်လမတ်မြို့နယ် ဆမ်မိန်အုပ်စု ဆဲင်ဟိုင့်ကျေးရွာဘက်ကနေ မောင်းနှင်လာတဲ့ကား ၂ စီးကို တွေ့ရှိတာကြောင့် တားဆီးစစ်ဆေးရာမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို တွေ့ရှိပြီး ယာဉ်မောင်းနဲ့လမ်းပြကတော့ ထိုင်းလူမျိုးဖြစ်ကာ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို မယ်လမတ်ဆေးရုံမှာ ရောဂါရှာဖွေစစ်ဆေးပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ဒေသတွင်းတာဝန်ရှိသူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သနေးရှင်းထိုင်းတီဗွီသတင်းမှာတော့ သူတို့ဟာ သောင်ရင်းမြစ်ကို ကူးဖြတ်ဝင်ရောက်လာကြောင်း ၊ ကျား ၁၅ ဦး ၊ မ ၇ ဦး နဲ့ ကလေး ၁ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
သူတို့ကို ဘန့်ဆဲန်ဆေးရုံမှာ အပူချိန်တိုင်းရာမှာ ၅ ဦးက အဖျားရှိနေတာတွေ့ရလို့ တခြားသူတွေနဲ့ သီးသန့်ခွဲထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးဆက်လက်စစ်ဆေးကာ ဥပဒေအရအရေးယူဖို့ မဲ့လမတ်ရဲစခန်းကို ပို့ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ် ။
ဓာတ်ပုံများ - https://www.nationtv.tv/news/378843344