ရွှေပြည်သာ ရပ်ကွက်ရုံး ဗုံးကွဲ
DVB
·
September 28, 2021
ရန်ကုန် ရွှေပြည်သာမြို့မှာ စက်တင်ဘာ ၂၇ ရက် ည ၇ နာရီခွဲလောက်က တ/၁၅ ရပ်ကွက်ရုံးမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"အနီးနားဝန်းကျင်က အိမ်တွေပါတုန်တယ်။ တချက်တည်းပေါက်တာ။ နာနတ်သီး(လက်ပစ်ဗုံး)ထင်တယ်။ လူတွေဘာတွေတော့ မထိဘူး" လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ ရပ်ကွက်ရုံးဟာ လှော်ကားရဲစခန်းနဲ့ တမှတ်တိုင်အကွာအဝေးမှာရှိပြီး လာရောက်စစ်ဆေးတာမရှိခဲ့သလို ရပ်ကွက်ထဲမှာလည်း စစ်ဆေးတာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။