မကွေးတိုင်းဒေသကြီး ယောဒေသအတွင်းမှာ ၂ ရက်အတွင်း ပြည်သူ့ရင်ခွင်ကို ခိုလှုံတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက်အထိ ရှိလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်မြတ်ထွန်းအောင်နဲ့ ရဲတပ်သား ၄ ယောက် မနေ့က လက်နက်အပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်သလို ဒီကနေ့မနက်ပိုင်းမှာလည်း ယောဒေသ မြို့မရဲစခန်းတခုက ရဲတပ်သား ၂ ယောက် ထပ်မံပြီးတော့ CDM ပြုလုပ်လာတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလို ပြည်သူ့ဘက်ကို ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးထားပြီး ကောင်ကောင်းမွန်မွန် စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
အခုလို ပြည်သူ့ဘက်ကို ရပ်တည်ပြီးတော့ CDM ပြုလုပ်ကြတဲ့ ပြည်သူ့ရဲတွေနဲ့ စစ်သားတွေ များပြားလာတာဟာလည်း စစ်တိုက်စရာမလိုဘဲ ရရှိလိုက်တဲ့ ပြည်သူ့ အောင်ပွဲတစ်ခု ဖြစ်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။
ရဲဝန်ထမ်းတွေ၊စစ်သားတွေ့နေနဲ့ လက်နက်၊ အီကွေးမန့် အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံမယ်ဆိုရင် ထိုက်သင့်တဲ့ ဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေ (သို့မဟုတ်) ပြည်ပကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။