စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ရွာသစ်ကျေးရွာကြား မိုင်တိုင်အမှတ် (၁/၁၂၈) မှာ စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီလောက်က ယာဉ်တစီး ရေမြောင်းထဲ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အေဒီဘင်အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဟာ ကားရှေ့မှ ဖြတ်သန်းသွားတဲ့ ကလေးငယ်အား တိမ်းရှောင်ရာမှ လမ်းဘေးရှိ ရေမြောင်းထဲကို ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီပဲယင်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် ဒီပဲယင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။