Home
မြန်မာသတင်း
အမရပူရ ရဲစခန်းအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတွေ့
DVB
·
September 27, 2021

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြို့မအုပ်စု၊ သီတာရပ်ကွက်၊ ရဲစခန်းအဝင်လမ်းဘေးမှာ စက်တင်ဘာ ၂၇ ရက် မနက် ၉ နာရီခွဲလောက်က မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေ့ရှိခဲ့ပါတယ်။

ရဲစခန်းအဝင်လမ်း မြက်ချုံပုတ်ထဲမှာ မသင်္ကာစရာ အိတ်အမည်းနဲ့ ထုပ်ထားတဲ့ အထုတ်တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တပ်က လာရောက်စစ်ဆေးခဲ့ရာမှာ အပြာရောင်ပိုက်၊ ဓာတ်ခဲနဲ့ ဝိုင်ယာကြိုးတွေ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အမရပူရနေဒေသခံတစ်ဦးက“မနက် ၁၀ နာရီမထိုးခင်လောက်က ရဲစခန်းအဝင်မှာ အရပ်ဝတ်တွေရော စစ်သားတွေရော ရှုပ်နေတာ။ မေးကြည့်တော့ ဗုံးတွေ့တာတဲ့။” လို့  ပြောပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီထောက်တိုင်ဖြစ်တဲ့ စခန်းတွေ၊ ဌာနဆိုင်ရာတွေမှာ ဗုံးပေါက်ကွဲတာနဲ့ စစ်ကောင်စီသတင်းပေးတွေ၊ ဒလန်တွေ အသတ်ခံရတာ  မကြာခဏဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024