Live
Home
မြန်မာသတင်း
CDM သူရဲကောင်းများအတွက် “ဝန်ထမ်းပြည်သူ လက်ကမ်းကူကမ်ပိန်း”တွင် ပါဝင်လှူဒါန်းနိုင်
DVB
·
September 27, 2021

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင်အစိုးရယန္တရားကြီး မလည်ပတ်နိုင်အောင် ရပ် တည်ချက်ခိုင်ခိုင်မာမာနဲ့ ရဲရဲတောက် ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ CDM ပြည်သူ့ဝန် ထမ်းသူရဲကောင်းတွေအတွက် “ဝန်ထမ်းပြည်သူ လက်ကမ်းကူကမ်ပိန်း” မှာ ပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ စက်တင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ အလှူငွေတွေ ကောက်ခံသွားမှာဖြစ်ကာ လှူဒါန်းလိုသူတွေအနေနဲ့ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂ ဖေ့စ်ဘွတ်ခ်ချက်ဘောက်စ်ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံး ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုဖြစ်သလို တော်လှန်ရေးရဲ့ အရေးကြီးဆုံးထောက်တိုင်တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂအနေနဲ့လည်း CDM သူရဲကောင်းတွေကို လစဉ်လစဉ် ကူညီပေးနေတာဖြစ်ပြီး လူတိုင်းစေ့ ဆက်လက်ထောက်ပံ့နိုင်ဖို့အတွက် အလှူငွေတွေ  များစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024