တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတချို့မှာရှိတဲ့ Mytel တိုင်တွေအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မိုင်းတွေ လိုက်ထောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်က လောင်းလုံးမြို့နယ် ဒေါင်းရှောင်ကျေးရွာမှာ Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရပြီးနောက် အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက မိုင်းထာင်နေတာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “သူတို့က ကားနဲ့လာပြီး Mytel တိုင်နားမှာ ဘာတွေလုပ်နေလဲတော့ မသိဘူး၊ သွားလည်း မကြည့်ရဲဘူး၊ ပြီးရင် အဲဒီတိုင်တွေနား မသွားကြဖို့ မှာခဲ့ကြတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လောင်းလုံးမြို့နယ် ကြက်ယက်တွင်း၊ ဝေဒီ၊ ကညုံကျွန်း အပါအဝင် Mytel ဖုန်းတိုင်ရှိတဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက အခုလို မိုင်းလိုက်ထောင်နေတာဖြစ်ပါတယ်။