Home
မြန်မာသတင်း
မြန်မာပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ရသည့်အကြောင်းရင်း တယ်လီနောမြန်မာ ထုတ်ပြန်
DVB
·
September 21, 2021

ဥရောပသမဂ္ဂနဲ့ နော်ဝေနိုင်ငံတို့ရဲ့ ပိတ်ဆို့အရေးယူတာတွေကို အလေးထားတာကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ တယ်လီနောမြန်မာ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

စစ်တပ်က ညွှန်ကြားလာတဲ့ (ကြားဖြတ်အသံဖမ်းစောင့်ကြည့်ကိရိယာ) စက်ပစ္စည်းတွေ တပ်ဆင် လိုက်မယ်ဆိုရင် ပိတ်ဆို့အရေးယူတာခံရမှာဖြစ်ပြီး ပိုင်ရှင်ဖြစ်တဲ့ တယ်လီနောလုပ်ငန်းစု အနေနဲ့ ပိတ်ဆို့တာတွေကို လိုက်နာဆောင်ရွက်ပေမဲ့ စက်ပစ္စည်းတွေ တပ်ဆင်အသုံးပြုတာ ကိုတော့ လက်ခံလုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စက်ပစ္စည်းတွေ တပ်ဆင်လိုက်ပြီလား ဆိုတာနဲ့ပတ်သက်ပြီးကတော့ တယ်လီနော လုပ်ငန်းစုအနေနဲ့ လတ်တလောထုတ်ပြန်ချက်မှာ ပြောဆိုသွားတာထက်ပိုပြီး တယ်လီနော မြန်မာ အနေနဲ့ ထပ်မံဖြည့်စွက် ပြောစရာ မရှိဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လိုင်စင်ရထားတဲ့ တယ်လီနောမြန်မာအနေနဲ့ မြန်မာ့ဥပဒေတွေနဲ့ ညွှန်ကြားချက်တွေကို တသဝေမတိမ်း လိုက်နာရမှာဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေ တဲ့ အခြေအနေအရ အခက်အခဲ၊ အခြေအနေဆိုးတွေ မြင့်တက်နေတာကြောင့် တယ်လီနော လုပ်ငန်းစုဟာ တယ်လီနောမြန်မာရဲ့ ပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူး လို့လည်း ဆိုပါတယ်။

ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေပေမဲ့ ဘယ်နည်းလမ်းကမှ ပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တာကြောင့် ရှယ်ယာတွေကိုရောင်းချတာက ထိခိုက်နစ်နာတာ အနည်းဆုံး ဖြစ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

တယ်လီနောမြန်မာရဲ့ ရှယ်ယာတွေအားလုံးကို M1 လုပ်ငန်းစုဆီကို ရောင်းချတာအတွက် တည်ဆဲဥပဒေတွေနဲ့အညီ ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေပြီး ပိုင်ရှင်ပြောင်းလဲတာကြောင့် တယ်လီနောမြန်မာရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ပေးအပ်နေတဲ့ ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ပြီးတော့ လုပ်ငန်းကို အတိအလင်းရပ်လိုက်တာကလွဲလို့ အလုပ်ရှင်နဲ့ ဝန်ထမ်းတွေအကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေအပါအဝင် စီးပွားရေးမိတ်ဖက်တွေနဲ့ သဘောတူညီထားတဲ့ စာချုပ်တွေအတိုင်း လက်တွဲဆက်လုပ်သွားမယ် လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024