ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသဘက်ကို အင်းအားတိုးချဲ့ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ကိုးကန့်တပ်တို့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ရေးတင့်ကား ၂ စီး၊ စစ်သုံး၊ အရပ်သုံးယာဉ်တွေ အသုံးပြုကာ ပန်ဆိုင်း (ကြူကုတ်)ကို ချီတက်လာပြီး အခြေခံစခန်းပြုကာ မုံကိုး ဒေသဘက်ကို ထပ်မံအင်းအားတိုးချဲ့ဖြည့်တင်းလာတာလို့ မိုးကိုးနယ်၊ နော့ဂူကျေးရွာ ၊ပန်ဆိုင်း(ကြူကုတ်)နယ် နမ့်ဟူးရွာနဲလွယ် ဂျုံတောင်တို့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။
“ဩဂုတ်လကတည်းက အပတ်ခြား ရက်ခြားဖြစ်လာတဲ့ တိုက်ပွဲက အခုထိ မပြီးသေးဘူး။ ဒီနေ့လည်းဖြစ်တာ ဟုတ်တယ်။ နောက်လည်း ဆက်ဖြစ်ဦးမှာပဲ ဘာကြောင့်လည်းဆိုတော့ မင်းအောင်လှိုင်တပ်ဘက်က အထိနာထားတော့ အင်အားတွေထပ်တိုးလာတယ်။ ထပ်တိုးလေ စစ်ကြောင်းထိုးလေ တိုက်ပွဲက ဖြစ်လေ ဖြစ်နေမှာပဲ” လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KIA (ကချင်တပ်)နဲ့ TNLA(တအာင်းတပ်) တို့ ပါဝင်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေကို အတည်မပြုနိုင်သေးသလို နှစ်ဖက်ထိခိုက်ကျဆုံးကိုလည်းအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့လပိုင်းက တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ အရာရှိနဲ့ စစ်သည်တွေ အလောင်းကို ပြန်မကောက် နိုင်တဲ့အထိ အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက် နက်ငယ်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာကို MNDAA ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
ပန်ဆိုင်း(ကြူကုတ်)နဲ့ မုံးကိုးဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု ၂၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။