Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
September 15, 2021

ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆ ဦးကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသွားတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက စက်တင်ဘာ ၁၅ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ 

ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများတွေဖြစ်တဲ့ မဝတ်ရည်အောင် (သတ္တဗေဒ)၊ မသဉ္ဇာဇော် (ဓာတုဗေဒ)၊ မောင်စည်သူအောင်တင် (ဥပဒေ)၊ မောင်ရဲလင်းဦး (ရှေး/သု)၊ မောင်မြင့်သိန်းနိုင် (ပထဝီဝင်)၊ နဲ့ မောင်နေထက်လင်း (သမိုင်း) တို့ကို  စက်တင်ဘာ ၁၄ ရက် မနေ့ ညက  စစ်တပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ရန်ကုန်မြို့ ၃၉လမ်းက တိုက်ခန်းတစ်ခုမှာရှိနေတုန်းမှာပဲ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးတုန်းက ရိုက်နှက်တာတွေရှိခဲ့တယ်လို့ လမ်းသူလမ်းသားတွေက ပြောပါတယ်။
ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာတွေကို မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"လောလောဆယ်တော့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး ရိုက်နှက်ခံရတာရှိတယ်လို့တော့ လမ်းထဲက လူတချို့ဆီကနေ သိရတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ ကျိန်းသေတာကတော့ အိမ်အတိအကျနဲ့လာဖမ်းတာဆိုတော့ ဒလန်တယောက်ယောက်သတင်းပေးလို့ပဲ။"
ဖမ်းဆီးခံ ကျောင်းသား ၆ ယောက်ထဲက ၄ ယောက်က ၃၉ လမ်းထဲက တိုက်ခန်းမှာ နေထိုင်တာဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ ခဏလာတည်းခိုတာဖြစ်တယ်လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024