ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် တကွင်းကျေးရွာနေ လူငယ်တချို့ကို စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားပါတယ်။
ညနေ ၅ နာရီခွဲလောက် တကွင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်တွေ ကိုင်ဆောင်ဝင်ရောက်လာပြီး လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ညနေ ၅ နာရီခွဲလောက် သေနတ်တွေနဲ့ ရွာထဲဝင်လာပြီး လူငယ်တွေကို လာဖမ်းသွားတယ်။ လက်ခေါင်းပေါ်တင်ပြီး ကားနဲ့ ခေါ်သွားတာ ၁၀ ယောက် အထက်ပဲ။"
လတ်တလော လူငယ်တွေကို ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စက်တင်ဘာ ၈ ရက် ညနေပိုင်းကလည်း ကချင်ပြည်နယ် နန်းမားမြို့က လျှပ်စစ်ဝန်ထမ်း နှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။