Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်ကို Stay at home မြို့နယ်အဖြစ် သတ်မှတ်‌ကြေညာ
DVB
·
September 15, 2021

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလာတဲ့အတွက် စက်တင်ဘာ ၁၄ ရက် ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ Stay at home မြို့နယ်အဖြစ် ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ မနက် ၅ နာရီကနေ ၁၁ နာရီအထိသာ ဈေးဝယ်သွားလာခွင့်ပြုမှာဖြစ်ပြီး၊ ကျန်အချိန်တွေမှာ တာဝန်နဲ့နာရေးကလွဲပြီး လုံးဝ သွားလာခွင့်မပြုဖို့၊ ဆေးဝါးပစ္စည်းဆိုင်ကလွဲပြီး ကျန်ဆိုင်အားလုံးကိုလည်း မနက် ၅ နာရီကနေ မနက် ၁၁ နာရီအထိသာဖွင့်ခွင့်ပြုမှာဖြစ်ပြီး လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ်အတွင်းမှာ ဇွန်လ ၂၇ ရက်နေ့ကစပြီး စက်တင်ဘာလ ၁၄ ရက်နေ့အထိ  ကိုဗစ်ကူးစက်ခံရသူ ၁၁၇၄ ဦးရှိပြီး၊ ရောဂါသက်သာလို့ ဆေးရုံကဆင်ခွင့်ရသူ ၁၀၂၅ ဦးရှိကာ ကုသဆဲလူနာ ၁၃၄ ဦးနဲ့ သေဆုံးသူ ၁၅ ဦးရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024