မန္တလေးတိုင်းမိုးကုတ်မြို့အရှေ့ပိုင်းက mytel ရုံးမှာ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စု တပ်သားတွေက mytel ရုံးအနီးမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"၄ နာရီ ၅ မိနစ်လောက်က ကွဲတာအသံက တော်တော်နီးတယ်၊ တော်တော်လည်းကျယ်တယ်၊ ငါးနာရီလောက်ကျတော့ mytel ရုံးဘက်လမ်းမှာနေတဲ့ တယောက်က mytel ရုံးဗုံးပစ်ခံရတယ်လို့ လှမ်းပြောတယ်" လို့ဒေသခံတစ်ဦးက ပြောပါတယ်။
Mytel ရုံးမှာ အရင်ရက်တွေကတော့ ရုံးတက်နေသူတွေရှိနေခဲ့ပြီး ဒီ နေ့မှာတော့ ရုံးတက်သူ ရှိမရှိနဲ့ ထိခိုက်ဒဏ်ရာရသူကိုလည်း မသိရဘူးလို့ ဆိုပါတယ်။
ဗုံးပေါက်ပြီးနောက် mytel ရုံးထိတဲ့ အခြေနေတောင် မသိရသေးဘဲ စစ်အုပ်စုက သေနတ်တွေနဲ့ mytel ရုံးအနီး စောင့်နေကြတယ်လို့ သိရပါတယ်။