စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ)တို့ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက နံ့သာကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တာဖြစ်ပြီး ကေအိုင်အေက စတင်ကာ ထိုးစစ်ဆင်တဲ့ သဘောဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကေအိုင်အေနဲ့ စစ်တပ် တိုက်ပွဲဖြစ်တာ၊ အခုက နှစ်ဖက်တိုက်ပွဲကပြင်းထန်နေတယ်၊ နှစ်ဖက်အကျဆုံးတော့ ရှိနိုင်တယ်။ ဘယ်ဘက် ဘယ်လောက် ကျဆုံးတယ်ဆိုတာ မသိရဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ NUG အစိုးရက D-Day ခုခံတွန်းလှန်စစ်ပွဲစတင်ကြောင်း ကြေညာပြီး နောက် ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။