မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ သြဂုတ်လ ၃၁ ရက်နေ့က လူငယ် ၂ ယောက်ကို စစ်ကောင်စီက မတရားဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပွင်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလန်တွေက လက်နက်တွေ ဝှက်ထားတယ်ဆိုပြီး မဟုတ်မမှန်သတင်းပေးတာကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာ ပြီး လူငယ် ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ဒေသခံတစ်ယောက်က DVB ကိုပြောပါတယ်။
ရှောတောကျေးရွာက ကိုလင်းကို မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပြီး မွန်းတည့် ၁၂ နာရီလောက်မှာ ဆင်လူးကျေးရွာက ကိုစစ်ထူးအောင်ကို ထပ်မံဖမ်းဆီးတာလို့ ဆိုပါတယ်။
ပွင့်ဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့လတွေကလည်း ဒလန်တွေက သူတို့နဲ့ အဆင်မပြေတဲ့သူတွေကို မဟုတ်မမှန် သတင်းပေးတာကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။