အမ်ဘာပေအတွက် ရီးရဲလ်အသင်း ဒုတိယအကြိမ်ကမ်လှမ်းမှုကို ပီအက်စ်ဂျီ ထပ်မံပယ်ချ

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး အမ်ဘာပေအတွက် ရီးရဲလ်အသင်းဘက်က ဒုတိယအကြိမ် ကမ်းလှမ်းချက်ကို ထပ်မံပယ်ချလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကိုပေါင် ၁၅၄ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီဘက်က ပယ်ချခဲ့တာပါ။
ပထမဆုံးအကြိမ်ကမ်းလှမ်းစဉ်က ပေါင် ၁၃၇ သန်းဖြစ်ပြီး ကမ်းလှမ်းချက် ၂ ကြိမ်စလုံးကို ပီအက်စ်ဂျီဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်ခါလီဖီကတော့ အမ်ဘာပေကို ရောင်းချမှာမဟုတ်ကြောင်း အတိအလင်းကြေညာထားပါတယ်။
“ကျနော်တို့ရဲ့အခြေအနေကတောေ ရှင်းပါတယ်။ ဒါကို ပြောင်းလဲမှာမဟုတ်သလို ထပ်ပြီးပြောမှာလည်းမဟုတ်ဘူး” လို့ ဥက္ကဋ္ဌ ခါလီဖီက ပြောခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းချက်မှာ ပေါင် ၁၄၅.၈ သန်းကို အရင်ပေးချေမှာဖြစ်ပြီး ပေါင် ၈.၅ သန်းကို ခြေစွမ်းအပေါ်မူတည်ပြီး ဆက်လက်ပေးချေရမယ်လို့ စပေါ့မေးလ်သတင်းက အတည်ပြုထားပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ချဉ်းကပ်မှုတွေဟာ တရားမဝင်သလို လေးစားမှု မရှိတဲ့ လုပ်ရပ်လည်းဖြစ်ကြောင်း ပီအက်စ်ဂျီအာကစားဒါရိုက်တာ လီယိုနာဒိုက ဝေဖန်ခဲ့ပါတယ်။