Home
မြန်မာသတင်း
ပုလဲမြို့တွင် NLD ပါတီထောက်ခံသည့် မိသားစုနှင့် လူငယ်အချို့ ဖမ်းဆီးခံရ
DVB
·
August 26, 2021

ပုလဲမြို့‌ပေါ်မှာ သြဂုတ် ၂၅ ရက် ညနေပိုင်းကစပြီး NLD ပါတီကို ထောက်ခံသူတွေနဲ့ အသက်မပြည့်သေးသူ အပါအဝင် လူငယ်အချို့ကို စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

မနေ့ညက NLD ပါတီကို ထောက်ပံ့ကူညီပေးခဲ့တဲ့ UTA စတိုးပိုင်ရှင်မိသားစု ၄ ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့လိုက်သူတဦးက ပြောပါတယ်။

“သူတို့က ဟိုးအရင်ကြားဖြတ်ရွေးကောက်ပွဲကတည်းက NLD ပါတီကို ထောက်ခံအားပေးတယ်။ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ပုလဲမြို့ကိုလာတဲ့သူဆိုရင် သူတို့အိမ်မှာပဲ တည်းခိုဖို့ နေရာပေးတာတွေ ဘာတွေ လုပ်ခဲ့တာ‌တော့ရှိခဲ့ဖူးတယ်။ အခု ဖမ်းတာကတော့ ဘာကြောင့်ဖမ်းတယ်လို့တော့ အတိအကျမသိရဘူး၊ စစ်တပ်ကအင်အားအလုံးအရင်းနဲ့ လာဖမ်းသွားတယ်။” 

မြို့ပေါ်မှာ စစ်တပ်ထောက်ခံတဲ့သူတွေက သံသယရှိတဲ့လူတွေတွေကို သတင်းပေးနေတာကြောင့် ဖမ်းဆီးခံရတာလို့ လူငယ်တစ်ဦးက ပြောပါတယ်။

“မနေ့ညနေက CRPH က ဖွဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှာပါလို့  ၅၀၅ ထုတ်ခံထားရတဲ့ ကိုဇော်မျိုးဝင်းရဲ့သား မောင်သူရကို ဖမ်းသွားတယ်၊ ကလေးက အထက်တန်းကျောင်းသားပဲရှိသေးတယ်၊ အသက်မပြည့်သေးဘူး။ အဖမ်းခံရတာက စိတ်ကူးအိမ် ဘီယာဆိုင်ထဲမှာ အဖမ်းခံရတယ်‌ဗျ။ ဘီယာဆိုင်က ဆိုင်ပိုင်ရှင် ကိုမောင်ညီနဲ့ လူငယ် ၇ ဦးကိုတော့ ညတွင်းချင်းပြန်လွှတ်ပေးတယ်။ ကို ဇော်မျိုးဝင်းရဲ့သားကတော့ ဒီနေ့ ၁၀ နာရီမှာ ပြန်လွှတ်တယ်ဆိုတဲ့သတင်းတော့ကြားရတာပဲ၊ အတိကျတော့မသိသေးဘူး။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024