Home
မြန်မာသတင်း
မင်းလှ ကပစ စက်ရုံ ၂ ခုတွင် ၂ ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄၅ ဦးရှိလာ
DVB
·
August 4, 2021

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်က စစ်ကောင်စီရဲ့ ကပစ စက်ရုံ ၂ ခုမှာ ဇူလိုင် ၂၀ ရက်နေ့ကနေ သြဂုတ် ၃ ရက်နေ့အထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၄၅ ယောက်ရှိတယ်လို့ ပရဟိတ အဖွဲ့တွေဆီကနေ သိရပါတယ်။

ပိုးတွေ့လူနာတွေကတော့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေဖြစ်တဲ့ ကပစ (၂) က ၁၀၅ ယောက်၊ ကပစ (၁၀) က အယောက် ၄၀ ယောက်မှာ ကိုဗစ်-၁၉ ရောက်ဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

မင်းလှမြို့နယ်အတွင်းမှာ သြဂုတ်လ ၃ ရက်နေ့ကလည်း ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်း ၈ ယောက်အပါအဝင် ကိုဗစ်ရောဂါပိုးတွေ့လူနာ အယောက် ၃၀ တွေ့ရှိခဲ့ပြီး ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ကပစ စက်ရုံတွေက ပိုးတွေ့တဲ့လူနာတွေကို  သက်ဆိုင်ရာ စက်ရုံအလိုက် ကိုဗစ်ကုသရေး စင်တာတွေ ဖွင့်ပြီးကုသပေးနေတယ်လို့ သိရပါတယ်။

ပြင်ပက ပိုးတွေ့တဲ့ လူနာတွေကိုတော့ မင်းလှမြို့ ကိုဗစ်စင်တာ၊ မင်းလှမြို့ပြည်သူ့ဆေးရုံ၊ မလွန်ကိုဗစ်စင်တာ၊ ရေနံမ တိုက်နယ်ဆေးရုံနဲ့ လင်းကယ် တိုက်နေဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်ထဲမှာ သြဂုတ် ၃ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁,၂၄၅ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက်ရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024