Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်း ၆ လအတွင်း ဖမ်းဆီးခံရသူ ၇၀၀၀ ကျော်၊ ကျဆုံးပြည်သူ ၉၄၅ ဦးရှိလာ
DVB
·
August 3, 2021

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လကျော်အကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၄၅ ယောက်ထိ ရှိ လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၀၂၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၄၇၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

       ဇူလိုင် ၃၁ ရက်မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်က သပိတ် စစ်ကြောင်းအဖွဲ့ဝင်တွေ စုစည်းနေထိုင်ရာ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့လို့ ဆီးခုံထိမှန်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုစိုင်းရဲရင့်(ခ)ကိုမျိုးချစ်သူ ဟာ အဲဒီနေ့ မနက်ပိုင်းမှာပဲ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သူရဲ့ ရုပ်အလောင်းကိုလည်း မိသားစုကို ပြန်လည်ပေးအပ်ခြင်းမရှိတဲ့အပြင် သူနဲ့ အတူ ခြေထောက်ကျည်ထိမှန်ဒဏ်ရာရရှိပြီး ဖမ်းဆီးခံခဲ့ရတဲ့ ကိုခိုင်ထွန်းရဲ့ အခြေအနေ ကိုလည်း မသိရသေးဘူးလို့ အေအေပီပီက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာက ကိုလန်ခန့်ထန် နဲ့ ကိုလာလ်ကိမ်တို့ဟာ တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး ဇူလိုင် ၃၀ ရက် က နေရပ်ပြန်လာချိန် ကလေးမြို့အဝင်မှာ သူတို့စီးနင်းလာတဲ့ အိမ်စီးကားပေါ် လက်နက် တွေ တွေ့ရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ နောက်တနေ့မှာတော့ ကိုလန် ခန့်ထန်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆုံးသွားခဲ့တယ်လို့ မိသားစုဆီ အကြောင်းကြား လာခဲ့ပေမယ့် သူ့ရဲ့ ခြေ၊ လက်တွေ ကျိုးနေပြီး ခေါင်း၊ နောက်ကျော၊ ခြေထောက်နဲ့ လည်ပင်းနေရာတွေမှာ ဒဏ်ရာတွေ ရရှိထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကိုလာလ်ကိမ်ကိုလည်း ဆက်လက် ထိန်းသိမ်းထားတယ်လို့ သိရှိရပါ တယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာတော့ ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အမျိုးသား ၁၂ ယောက်ဟာ ညှဉ်း ပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပြီး သူတို့ရဲ့ ရုပ်အလောင်း တွေကို ကနီမြို့နယ်၊ တောင်ပေါက်အရှေ့ရွာအနီးက တောတွင်းမှာ တွေ့ရှိခဲ့ရတယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့ လည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024