မန္တလေးတိုင်း မြင်းခြံမှာ သြဂုတ် ၁ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂ ဦး သေဆုံးခဲ့တယ်လို့ နာရေးပို့ဆောင်သူတွေဆီက သိရပါတယ်။
မြင်းခြံ ဆေးရုံမှာ ကုသနေသူ ကိုဗစ်-၁၉ လူနာ ၁၃ ဦးနဲ့ ပြင်ပနေအိမ်တွေက ၉ ဦး သေဆုံးတာလို့ ဆိုပါတယ်။
မြင်းခြံမှာ သြဂုတ် ၁ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅၀ နီးပါးရှိနေပြီး သေဆုံးသူ ၇၀ ကျော်နေပြီလို့ သိပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနဲ့သေဆုံးနှုန်း မြင့်တက်နေတာကြောင့် မြင်းခြံခရိုင်အတွင်း နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် စတဲ့ ၃ မြို့နယ်ကို stay at home အဖြစ် စစ်ကောင်စီ ကျန်းမာရေးဌာနက ကြေညာထားတယ်လို့ သိရပါတယ်။