မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ သြဂုတ် ၁ ရက် ဒီနေ့ တစ်ရက်တည်း ကိုဗစ် -၁၉ ရောဂါနဲ့ ၁၈ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင် နာရေးကူညီမှု အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၁၉၀ ရှိခဲ့ပြီး တစ်နေ့တည်း သေဆုံးသူ အများဆုံး ၁၆ ယောက်ရှိခဲ့ပါတယ်။
ဒီနေ့ သေဆုံးသွားသူတွေထဲမှာ အသက်ကြီးပိုင်း ၆၀ ကျော် ၇၀ ကျော်တွေအပြင် အသက်အငယ်ဆုံး ၂၁ နှစ်နဲ့ အသက်ကြီးဆုံး ၉၃ နှစ်အရွယ်တွေ ပါဝင်ပြီး တစ်ရက်တည်း အများဆုံး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်ဦးလွင်မြို့မှာတော့ လိုအပ်နေတဲ့ အိမ်ထောင်စုတွေကို ဆန်နဲ့ရိက္ခာ ကုန်ခြောက်တွေ မျှဝေလှူဒါန်းတာတွေရှိသလို ရပ်ကွက်အတွင်း ဆေးဖျန်းတဲ့ ပရဟိတအဖွဲ့တွေ အောက်ဆီဂျင် လိုအပ်တဲ့ နေရာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တွေလည်း ရှိပါတယ်။
Photo - Credit