မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျောက္ကာကျေးရွာမှာ ဇူလိူင် ၃၁ ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ပြည်သူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အဓမ္မယူသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “ရွာထဲကို ဝင်လာကြပြီး အိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီးတယ်။ ကား၊ ဆိုင်ကယ်တွေကို ယူသွားကြတယ်။ အိမ်ဆိုင်တဆိုင်ကဆို ၂၃ သိန်းဖိုးလောက် ယူသွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းမှာ သေနတ်တွေ ပစ်ဖောက်တာကြောင့် ကျန်းမာရေးမကောင်းသူတစ်ဦး ထိတ်လန့်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“ဆုံးသွားတဲ့သူက ဒေါ်ဥ တဲ့။ အသက်ကတော့ ၇၀ ဝန်းကျင်လောက်ပေါ့။ နေမကောင်းဖြစ်နေတာ အောက်ဆီဂျင်ပေးထားရတဲ့သူ၊ သေနတ်ဖောက်သံတွေ ကြားတော့ လန့်ပြီး အသက်ထွက်သွားတာ။”
ပေါက်မြို့နယ် ကျောက္ကာကျေးရွာဟာ ဇူလိုင် ၃၁ ရက်မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ဝန်ခြုံးကျေးရွာသွားလမ်းပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။