Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်ကုသမှုအတွက် ဆရာဝန်၊ သူနာပြုဝန်ထမ်းများ အရေးပေါ် ခေါ်ယူ
DVB
·
July 30, 2021

ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်ကုသမှု စီမံကိန်းအတွက် နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF)က ဆရာဝန်၊ သူနာပြုနဲ့ သန့်ရှင်းရေးဝန်ထမ်း အလုပ်နေရာတွေ အရေးပေါ် ခေါ်ယူနေပါတယ်။

လက်ရှိမှာတော့ MSF အနေနဲ့ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကိုဗစ်- ၁၉ ရောဂါ အရေးပေါ်ကုသမှု ပရောဂျက်ကို ရန်ကုန်၊ ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုးချဲ့ဆောင်ရွက်နေတာမို့ အဲဒီလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးဖို့ ဝန်ထမ်းသစ်တွေ ခေါ်ယူနေတာ ဖြစ်ပါတယ်။

လျှောက်ထားသူဟာ ကျွမ်းကျင်တဲ့ ဆရာဝန်၊ သူနာပြု၊ လက်ထောက်သူနာပြုနဲ့ သန့်ရှင်းရေးဝန်ထမ်း ဖြစ်ပါက “MSF COVID response”  ခေါင်းစဉ်နဲ့ မိမိ နေထိုင်ရာ နေရာနဲ့ လျှောက်လိုတဲ့ ရာထူးကို  ရှင်းလင်းစွာ ရေးသားဖော်ပြပြီး ကိုယ်ရေးအချက်အလက် လျှောက်လွှာကို အီးမေးလ်လိပ်စာ- [email protected] ကို ပေးပို့လျှောက် ထားနိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ တရက်တည်း ရောဂါကူးစက်ခံရသူပေါင်း ၅,၀၀၀ ကျော်နဲ့ စုစုပေါင်း ကူးစက်ခံရသူ ၂ သိန်း ၉ သောင်းနီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မတရား စစ်အာဏာသိမ်းကာလဟာ ၆ လပြည့်တော့မှာ ဖြစ်ကာ ဒီကာ လအတွင်း ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့အတူ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုမှာတော့ ပြည်သူတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေပြီး ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ဒါကို အချိန်မီမတားဆီးနိုင်ရင် လာမယ့် သီတင်းပတ် ၂ ပတ်အကြာ တိုင်းပြည်လူဦးရေ ထက်ဝက်လောက် ရောဂါကူးစက်ခံရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက သတိပေးထားပါတယ်။

Photo Credit-MSF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024