လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး သမိုင်းဝင် စာစောင်တခုဖြစ်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အိုးဝေစာစောင် ပြန်လည်ထုတ်ဝေမှာဖြစ်ပြီး လတ်တလောမှာတော့ စာမူတွေ ပေးပို့နိုင်ကြောင်း ဖိတ်ခေါ် နေပါတယ်။
ဒီစာစောင်ကိုတော့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က စီစဉ်ထုတ်ဝေမှာဖြစ်ကာ ပထမဆုံးပြန်လည်ထုတ်ဝေမယ့် စာစောင်ကိုတော့ ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အထူး ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။
နှစ်ပတ် တကြိမ်ထုတ်ဝေသွားမယ့် အိုးဝေစာစောင်ကို ပေးပို့နိုင်တဲ့ စာမူအမျိုးအ စားတွေထဲမှာတော့ သတင်း၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း၊ သရော် စာ၊ ဘာသာပြန်စတဲ့ကဏ္ဍတွေပါဝင်မှာ ဖြစ်တာကြောင့် နှစ်သက်ရာ ကဏ္ဍအလိုက် ဖန်တီးရေးသားပြီး ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဘယ်သူမဆို ပေးပို့နိုင်ပြီး စာမူနဲ့အတူ ကလောင်အ မည်၊ ဆက်သွယ်ရန် လုံခြုံတဲ့ အီးမေးလ်လိပ်စာစတဲ့ အချက်အလက်တွေနဲ့အတူ အိုးဝေ စာတည်းအဖွဲ့ အီးမေးလ်လိပ်စာ [email protected] ကနေတစ်ဆင့် ဆက်သွယ်ပေးပို့နိုင် မှာ ဖြစ်ပါတယ်။