မလေးရှားတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ သန်းကျော်၊ အာဆီယံတွင် သန်းချီကူးစက်ခံ ၃ နိုင်ငံရှိလာ

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်လာခဲ့ပြီးနောက် ကမ္ဘာတဝန်း သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံထိ ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၉၆ ဒသမ ၆၉ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၂ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၇၈ ဒသမ ၁ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၅ ဒသမ ၄၈ သန်းကျော်၊ သေဆုံးသူ ၆ သိန်း ၂ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၃၁ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၂ သောင်း ကျော်နဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉ ဒသမ ၇၉ သန်းကျော်၊ သေဆုံးသူ ၅ သိန်းခွဲကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၆ သန်း ကျော်၊ ယူကေနဲ့ တူရကီနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်းကျော်၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ အီတလီနဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်၊ ဂျာမနီ၊ အီရန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ ပိုလန်၊ မက္ကဆီကို၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ နယ်သာလန်၊ ချက်သမ္မတနိုင်ငံ၊ ချီလီ၊ ဖိလစ်ပိုင်၊ အီရတ်၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယမ်၊ ဆွီဒင်၊ ရိုမေးနီးယား၊ ပါကစ္စတန် နိုင်ငံတွေနဲ့အတူ မလေးရှားနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၂ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၁၀၇ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့အတူ မလေးရှားနိုင်ငံမှာပါ ရော ဂါကူးစက်ခံရသူ ၁ သန်းကျော်ခဲ့ပြီ ဖြစ်တာမို့ စုစုပေါင်း ၃ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေဖြစ်ကြတဲ့ အစ္စရေးနဲ့ ဂျပန်နိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈ သိန်းကျော်စီ အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၂ သိန်း ၈ သောင်းကျော်၊ သေဆုံးသူ ၈,၀၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၅ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၄,၅၀၀ ကျော် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သိန်း ၂  သောင်းကျော်နဲ့ သေဆုံးသူ ၆၃၀ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၇ သောင်းခွဲကျော်နဲ့ သေဆုံးသူ ၁,၃၀၀ ကျော်ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၄ ထောင်ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၇ ယောက်ရှိနေတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅,၄၀၀ ကျော် နဲ့ သေဆုံးသူ ၆ ယောက်ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၃၃၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ၃ ယောက် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up