Live
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် သားဖြစ်သူအားမတွေ့သဖြင့် ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီး
DVB
·
July 29, 2021

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲက ကျေးရွာတချို့မှာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၆ ရက်ကနေ  ၂၈ ရက်အထိ တောင်တွင်းကြီးမြို့နယ်အတွင်းက ကုက္ကိုခွကျေးရွာ၊ ထန်းပင်စုကျေးရွာ၊ ဟံသာတိုက်ကျေးရွာတွေ က ပြည်သူတချို့ရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ပြည်သူတချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇူလိုင် ၂၈ ရက်က ကုက္ကိုခွကျေးရွာက ပြည်သူတွေရဲ့ နေအိမ်အချို့ကို လာရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့သလို ဟံသာတိုက်ကျေးရွာမှာလည်း သားဖြစ်သူအား မတွေ့တဲ့အတွက် ဖခင်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ ကျေးရွာသားတွေဆီက သိရပါတယ်။

ဟံသာတိုက်ကျေးရွာ ဒေသခံတစ်ဦးက “စစ်ကားတွေနဲ့ စစ်သားတွေလာတာ။ ရွာက ကလေးတစ်ယောက်ကို ဒလန်သတင်းပေးက သတင်းပေးလို့ လာဖမ်းတာတဲ့။ အဲဒီကလေးက အရင်ကတည်းက ရွာမှာသိပ်နေတာမဟုတ်ဘူး။ နယ်တွေထွက်ပြီးအလုပ်လုပ်နေတာ။ အလုပ်တွေမကောင်းလို့ အိပ်ခဏပြန်လာတာကို PDF နဲ့ချိတ်ဆက်ပါတယ်ဆိုပြီး တိုင်တာတဲ့။ သူ့မတွေ့တော့ သူ့အဖေ ကိုဖိုးဇော် ကိုဖမ်းသွားတယ်” လို့ ပြောပါတယ်။

အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက  “ထန်းပင်စုရွာက ကိုဇော်မင်း နဲ့ ကိုအောင်ဇော်မြင့် ၂ ယောက်ထဲက ကိုအောင်ဇော်မြင့် တော့ပြန်လွတ်လာပြီ။ ကိုဇော်မြင့်တော့ မလွတ်သေးဘူး။ သူကရန်ကုန်မှာ အလုပ်လုပ်နေရင်း ကိုဗစ်ကြောင့်အလုပ်ပိတ်လို့ ပြန်လာတာကို ရွာကဒလန်က တပ်ကိုမဟုတ်မမှန်သတင်းပေးလို့ ၂၆ ရက်နေ့က အိမ်လာပြီးဖမ်းသွားတာ” လို့ ပြောပါတယ်။

တောင်တွင်းကြီးမှာ ဒလန်သတင်းပေးတွေကြောင့် လူငယ်တွေ မကြာခဏ အဖမ်းခံရတာတွေရှိသလို အဖမ်းခံရသူတွေပြန်လွတ်လာရင်လည်း ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေရလို့ လချီပြီးဆေးကုသခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024