ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဇူလိုင် ၂၇ ရက်နေ့ ဆေးစစ်ချက်အရ ပိုးတွေ့ အတည်ပြုလူနာစုစုပေါင်း ၂၆ ယောက်ရှိခဲ့ရာ မြို့မရဲစခန်းအချုပ်မှ အချုပ်သား ၁၂ ယောက်အထိ ပါ၀င်ခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတွေထံကနေ သိရပါတယ်။
ကျန်းမာရေးစစ်ဆေးမှု ၅၁ ခုပြုလုပ်ရာမှာ စုစုပေါင်း ပိုးတွေ့ရှိသူ ၂၆ ယောက်ရှိခဲ့ပြီး မြို့မရဲစခန်းမှ အချုပ်သား ၁၂ အထိပါ၀င်နေကာ ၎င်းတို့ကို မြစ်ကြီးနားဆေးရုံကြီး အချုပ်လူနာဆောင်သို့ လွှဲပြောင်း ကုသပေးလိုက်ရတယ်လို့ တာ၀န်ရှိသူတွေထံက သိရပါတယ်။
ယင်းနေ့မှာပင် မြို့မရဲစခန်းမှ အသည်းရောဂါအခံရှိသော ကိုဗစ်ပိုးတွေ့အတည်ပြု ရဲတပ်ဖွဲ့၀င် တစ်ဦးထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးလူနာကို သဂြိုလ်ကာ ရဲစခန်းတွင်းနဲ့ အချုပ်ခန်းတွေကို ပိုးသတ်ဆေးပက်ဖြန်းပေးခဲ့ရတယ်လို့ မွန်မြတ်စေတနာ ပရဟိတ အဖွဲ့ထံမှသိရပါတယ်။
ကိုဗစ်တတိယလိုင်းအတွင်း ဝိုင်းမော်မြို့မှာ ဇူလိုင် ၂၇ ရက်အထိ ပိုးတွေ့အတည်ပြုလူနာ ၃၈၇ ဦးအထိရှိလာခဲ့ပြီဖြစ်ကာ သေဆုံးလူနာစုစုပေါင်း ၁၀ ဦးရှိခဲ့ရာမှာ ရဲစခန်းမှ ၂ ဦးအထိ ပါ၀င်နေတာဖြစ်ပါတယ်။ လက်ရှိမှာလဲ ရဲရိပ်သာ မှာ ပိုးတွေ့လူနာ ၃ ဦးကျန်းရှိနေသေးတယ်လို့ စခန်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။