မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံသာကျေးရွာမှာ မနေ့ ဇူလိုင် ၂၄ ရက် ည ၁၁ နာရီလောက်က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာရဲ့ အနီးနားနေရာမှာ အမည်မသိ သေနတ်သမားက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းကို သေနတ်နဲ့ ၁ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝမ်းဗိုက်မှာ ကျည်ထိမှန်(စိုးရိမ်ရ)တာကြောင့် ရေးမြို့ပြည်သူ့ဆေးရုံ ကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ နယ်မြေခံ အမြောက်တပ်က အရာရှိတစ်ယောက် အပါအဝင် ၄ ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။