စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းကို ဇူလိုင် ၂၃ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်တပ်က ဖြိုခွဲခဲ့ပြီး အနည်းဆုံး လူ ၅ ဦး ထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။
ဆားလင်းကြီးမြို့နယ် ဂုဏ်တောကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်က သေနတ်တွေနဲ့ ပစ်ဖောက်ပြီး ဖြိုခွဲခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဖြိုခွင်းမှုကြောင့် ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ အတွင်းထိ သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လောလောဆယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြောက်ယမားချောင်းတံတားအနီး ကျေးရွာတစ်ချို့က ပြည်သူတွေဟာ နေအိမ်မှာမနေရဲကြဘဲ ထွက်ပြေးနေကြရပါတယ်။
မြောက်ယမားချောင်းတံတားဟာ မုံရွာ-ပုသိမ်ကားလမ်းပေါ်မှာတည်ရှိပြီး မြန်မာ-ဝမ်ပေါင်၊ မြန်မာ-ယန်စီ ကုမ္ပဏီလုပ်ကွက်အနီးက တံတားလည်း ဖြစ်ပါတယ်။