ပါကစ္စတန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ သန်းကျော်၊ ကမ္ဘာတဝန်း သန်းချီကူးစက်ခံနိုင်ငံ ၃၀ ရှိ လာ

ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်လာခဲ့ပြီးနောက် ကမ္ဘာတဝန်း သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၃၀ ထိ ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၉၃ သန်းကျော်၊ သေဆုံးသူ ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၇၅ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၅ သန်းကျော်၊ သေဆုံးသူ ၆ သိန်း ၂ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၃၁ သန်းကျော်၊ သေဆုံးသူ ၄ သိန်းကျော်နဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၆ သိန်းကျော်၊ ပြင်သစ်၊ ယူကေနဲ့ တူရကီနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်းကျော်စီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ အီတလီနဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ ဂျာမနီ၊ အီရန်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ပိုလန်၊ မက္ကဆီကို၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေက ကူးစက်ခံ ရသူ ၂ သန်းကျော်စီ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ နယ်သာလန်၊ ချက်သမ္မတနိုင်ငံ၊ ချီလီ၊ ဖိလစ်ပိုင်၊ အီရတ်၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယမ်၊ ဆွီဒင်၊ ရိုမေးနီးယားနိုင်ငံတွေနဲ့အတူ ပါကစ္စတန် နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော် လာခဲ့ပြီ ဖြစ် တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၃၀ ထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်း ၂ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအ လိုက် အမှတ်စဉ် ၁၀၅ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စ တန်နိုင်ငံတွေ ပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဂျပန်နိုင်ငံတွေက ၈ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၂ သိန်း ခွဲကျော်၊ သေဆုံးသူ ၆,၀၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၄ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၃,၈၀၀ ကျော် ရှိနေပါ တယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၇ သောင်း ၈ ထောင်ကျော်နဲ့ သေဆုံးသူ ၃၇၀ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၇ သောင်းကျော်နဲ့ သေဆုံးသူ ၁,၂၀၀ ကျော်ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၃ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၆ ယောက်ရှိနေတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄,၃၀၀ ကျော် နဲ့ သေဆုံးသူ ၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၃၁၁ ယောက်နဲ့ သေဆုံးသူအ ရေအတွက် ၃ ယောက် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up