မွန်ပြည်နယ် ရေးမြို့နယ်မှာ ဇူလိုင် ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၀ နီးပါးနဲ့ သေဆုံးသူ ၁၂ ဦး ရှိလာပြီလို့ သိရပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ကလည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
ရေးမြို့မှာ ကိုဗစ်တတိယလှိုင်းကာလ ကိုဗစ်ကူးစက်နှုန်းက ဆက်လက်မြင့်တက်လာခဲ့သလို သေဆုံးမှုလည်း နေ့စဉ်နီးပါးလောက်ရှိလာခဲ့ပြီး ရောဂါကို မထိန်းချုပ်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
ကိုဗစ် ကူးစက်ခံရသူတွေ များပြားလာပြီး ဆေးရုံမှာ လူနာတွေထားရှိဖို့ နေရာ မလုံလောက်တော့ကြောင့် ကိုဗစ်-၁၉ကုသရေးဌာနက စာသင်ကျောင်းတွေမှာ ကိုဗစ်စင်တာတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။