ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဇူလိုင်လ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။
မနက် ၆ နာရီ မိနစ် ၄၀ လောက်က ရုံးရှေ့ကထပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ရုံးရှေ့က ထပေါက်တာ အသံတော်တော်ကျယ်တယ်။ ပေါက်ပြီးတော့ မီးခိုးတွေထွက်လာတာ ဒါပထမဆုံးပေါက်တာ”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကား ၁ စီး၊ ရဲကား ၂ စီး၊ အိမ်စီးကား ၁ စီးနဲ့ရောက်လာပြီး ဗုံးပေါက်ကွဲတဲ့ ပတ်ဝန်းကျင်ကိုပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။
ဒီနေ့မနက်ဗုံးပေါက်ကွဲမှုဟာ လပွတ္တာမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးဗုံးပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။