ပုသိမ်မြို့တွင် ကိုဗစ်ကြောင့် နေအိမ်များ၌ သေဆုံးမှုနှုန်း ပိုများလာ

ပုသိမ်မြို့တွင် ကိုဗစ်ကြောင့် နေအိမ်များ၌ သေဆုံးမှုနှုန်း ပိုများလာ

DVBပုသိမ်မြို့တွင် ဇူလိုင် ၁၈ ရက်​နေ့က ကိုဗစ်-၁၉ ​ရောဂါ​​ကြောင့် နေအိမ်တွေမှာ သေဆုံးသူ ၅၀ အပါအဝင် လူနာ ၇၄ ဦး စံချိန်တင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလှိုင် ၁၈ ရက်​နေ့က ကိုဗစ်​ကြောင့် နေအိမ်တွေမှာ အယောက် ၅၀၊ ပုသိမ်​ဆေးရုံကြီးမှာ ၁၂ ဦးနဲ့ မဆရ-၄ တောင်ပေါ်‌ဆေးရုံက ၃ ဦး သေဆုံးခဲ့တာလို့ မ​နောဖြူလူမှုကူညီ​ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး "​နေအိမ်​တွေမှာ ​သေတာ မြင့်တက်လာတာ ကျန်းမာ​​ရေး ​စောင့်​ရှောက်မှုမရကြလို့၊ အခုအထိ တိတိကျကျ မလုပ်​ဆောင်နိုင်ဘူး၊။ ဆေးရုံမှာ ​ဆေးဝါး ​အောက်ဆီဂျင် ​​နေရာ အခက်အခဲဖြစ်​နေတယ်။ တရက်ထပ်တရက်ပို ​သေနှုန်းမြင့်လာတာ စိုးရိမ်စရာ အရမ်း​ကောင်းလာတယ်။ ဒုတိယလှိုင်းမှာ အ​ကောင်းဆုံးထိန်းချုပ်နိုင်​​အောင် စီမံခဲ့တယ်။ အခုက အရည်အချင်းမရှိဘဲ ဦး​ဆောင်သူ​တွေ​ကြောင့် ကျနော်တို့မြို့အထိနာတာ” ​ပြောပါတယ်။

ပုသိမ်မြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် ၁၈ ရက်​​နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up