ရန်ကုန်မြို့ရှိ ရေဝေးသုဿန်မှာ အခုရက်ပိုင်းအတွင်း အသုဘ နာရေးတွေ စုပြုံနေပြီး ရုပ်အလောင်းတခုကို အချိန်အနည်းငယ်သာခြားကာ ဆက်တိုက်မရပ်မနား မီးရှို့ သင်္ဂြိုဟ်ပေးနေရ ပါတယ်။
ရန်ကုန်အခြေစိုက် လူမှုကူညီမှုအသင်းဝင်တစ်ဦးက “ဒီနေ့( ဇူလိုင်လ၁၄) တစ်နေ့တည်းမှာ မနက်ပိုင်းတင်ကို ၈၀ လောက်ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ရတယ်။ ကျနော်တို့ အခြေစိုက်တဲ့မြို့ နယ်မှာကို ၁၀ ဦးထက်မနည်းရှိနေတယ်။ အခုသေတဲ့သူတော်တော်များများ က အသက်ရှူရပ်တဲ့သူတွေဆိုတော့ ချက်ချင်း သင်္ဂြိုဟ်ရတာများတယ်”လို့ ပြောပါတယ်။
ကိုဗစ် တတိယလှိုင်းစတင်ချိန်မှာ ကူးစက်သူအများအပြားရှိလာခဲ့ပြီး ကောင်းစွာ ဆေးကုသမှုမရရှိတာ၊ အောက်ဆီဂျင်ပြတ်လပ်တာတွေကြောင့် သေဆုံးသူတွေလည်းနေ့စဉ် အများပြားရှိလာတာပါ။
ရန်ကုန်အပါအဝင် နိုင်ငံတဝန်း ကိုဗစ်ရောဂါကာကွယ်ကုသရေးပြဿနာ၊ အောက်ဆီဂျင်ပြဿနာနဲ့ ကုန်စျေးနှုန်းပြဿနာသာမက ပြည်သူလူထုအနေနဲ့ လူတစ်ယောက်ရဲ့ ဘဝနောက်ဆုံးခရီး အထိ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။
Photo- MPA