ပြင်သစ်အစိုးရက ဂူဂဲလ်ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၅၉၃ သန်း ဒဏ်တပ်

ပြင်သစ်အစိုးရရဲ့ လက်ဝါးကြီးအုပ်မှုစောင့်ကြည့်ရေးအဖွဲ့က အယ်လ်ဖှာဘက် နိုင်ငံတကာ ကော်ပိုရေးရှင်းလက်အောက်ခံ ဂူဂဲလ်ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၅၉၃ သန်းနဲ့ ညီမျှတဲ့ ယူရိုငွေ သန်း ၅၀၀  ငွေဒဏ်ပေးဖို့ ဇူလိုင် ၁၃ ရက်မှာ ချမှတ်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံအတွင်း သတင်းဌာနတွေနဲ့ တန်းတူပေးထားတဲ့ ယာယီအမိန့်ကို အပြည့်အဝ လိုက်နာဖို့ ပျက်ကွက်လို့ ဒဏ်ငွေတပ်တာလို့ ဆိုပါတယ်။

အမေရိကန် နည်းပညာကုမ္ပဏီကြီး ဂူဂဲလ်ဟာ သူတို့ရဲ့ သတင်းတွေကို သုံးစွဲမှု အတွက် သတင်းဌာနတွေနဲ့ တခြား ထုတ်လုပ်သူတွေကို ဘယ်လို လျော်ကြေးပေးမလဲ ဆိုတဲ့ အဆိုပြုချက်ကို လာမယ့် ၂လ အတွင်း တင်ပြရမှာပါ။

တကယ်လို့ မလုပ်နိုင်ခဲ့ရက် တရက်ကို ယူရိုငွေ ၉ သိန်း ဒဏ်ငွေ ပေးဆောင်ရ နိုင်ပါတယ်။ ဂူဂဲလ်ကတော့  ဒီဆုံးဖြတ်ချက်ကို အင်မတန် စိတ်ပျက်တယ်လို့ အင်္ဂါနေ့မှာ ပြောပါတယ်။

APIG, SEPM နဲ့ AFP သတင်းဌာနတွေကတော့ ဂူဂဲလ်ဟာ သတင်းတွေ အတွက် ငွေပေးရေး အခြေခံတူညီမှုရှာဖို့ ဆွေးနွေးဖို့ ပျက်ကွက်တယ်လို့ ပြောပါတယ်။

လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့က ဘယ်သတင်းဌာနတွေနဲ့မဆို ၃လအတွင်း ဆွေးနွေးဖို့ ဂူဂဲလ်ကို  တောင်းဆိုထားခဲ့ပြီး ဂူဂဲလ်ဟာ ယာယီအမိန့်ကို ချိုးဖောက်သလား ဆိုတဲ့အချက်အပေါ် အာရုံစိုက်ထားတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up